မန္တလေးရှိ “မီလျံနာ” နှင့် “ပေါ်ဦး” ရွှေဆိုင် ဓားပြတိုက်မှုများ ကျူးလွန်ခဲ့သူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦး ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ “မီလျံနာ” ရွှေဆိုင်နှင့် မဟာအောင်မြေမြို့နယ်ရှိ “ပေါ်ဦး” ရွှေဆိုင်တို့ကို သေနတ်ပစ်ဖောက်ဝင်ရောက်၍ ဓားပြတိုက်လုယက်ခဲ့သည့် အဖွဲ့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက…

ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ “မီလျံနာ” ရွှေဆိုင်သို့ အမျိုးသား ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ဝင်ရောက်ကာ ဝန်ထမ်းများကို ခြိမ်းခြောက်၍ မှန်ကောင်တာများကို ပုဆိန်ဖြင့် ရိုက်ခွဲပြီး ရွှေချိန် ၈၅ ကျပ်သား ၄ ပဲခန့် (တန်ဖိုး ငွေကျပ် ၅၉၂၉ သိန်း) ကို လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။


