Skip to main content
HomeArticlesTrendingTopicsSubscribeAboutContact

Topics

Insights ArticleLocal NewsPRESIDENTIAL NEWSWorld & PoliticsHistory & HeritageKnowledge
Naypyitaw MediaNaypyitaw Media
HomeArticlesTrendingTopicsSubscribeAboutContact

Company

AboutContact

Legal

Privacy PolicyTerms of ServiceDisclaimer

@2026 MNEWS Media

Home›Local News›ကျောင်းတွင်း အာဟာရကျွေးမွေးရေးအတွက် ကျပ် ၂.၈၂ ဘီလီယံ ခွဲဝေ၊ ရှေ့ဆက်၍လည်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြောကြား
Local News

ကျောင်းတွင်း အာဟာရကျွေးမွေးရေးအတွက် ကျပ် ၂.၈၂ ဘီလီယံ ခွဲဝေ၊ ရှေ့ဆက်၍လည်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြောကြား

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြင့်လာရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ကျောင်းတွင်း အာဟာရကျွေးမွေးရေး လုပ်ငန်းများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ရန်ပုံငွေကျပ် (၃) ဘီလီယံနီးပါးကိ…

M

MNews

Aug 11, 2026
1 min read·1 views·0 comments
f𝕏
Cover: ကျောင်းတွင်း အာဟာရကျွေးမွေးရေးအတွက် ကျပ် ၂.၈၂ ဘီလီယံ ခွဲဝေ၊ ရှေ့ဆက်၍လည်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြောကြား
၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြင့်လာရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ကျောင်းတွင်း အာဟာရကျွေးမွေးရေး လုပ်ငန်းများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ရန်ပုံငွေကျပ် (၃) ဘီလီယံနီးပါးကို ပထမအကြိမ် ခွဲဝေချထားပေးခဲ့ကာ ရှေ့ဆက်၍လည်း ဆက်လက်တိုးမြှင့် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားသည်။

ယနေ့ (ဩဂုတ် ၁၀ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ ကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ် အခမ်းအနားတွင် ထိုသို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြင့်လာရေး ဆောင်ရွက်ရာ၌ အရွယ်မတိုင်မီ သေဆုံးမှုများကို လျှော့ချနိုင်ရန် လိုအပ်ကြောင်း၊ ထိုသိုဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများကို စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ကျောင်းနေစဉ် အရွယ်မှစ၍ လေ့ကျင့်သင်ကြားပေးမှသာ ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံဖြိုးပြီး ဉာဏ်ရည်ထက်မြက်သည့်၊ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များကို ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုကြောင့် ကလေးအရွယ်မှစ၍ ဘဝတစ်သက်တာတွင် အစာအုပ်စု (၅) မျိုး ပါဝင်အောင် စုံလင်စွာ စားသောက်တတ်သည့် အလေ့အကျင့်ကောင်းများအပြင် မိသားစုများပါ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝမျှတသော အစားအသောက်များ စားသုံးတတ်သည့် အလေ့အထများကို ရရှိကျင့်သုံးကြရန် လိုအပ်သည်ဟု ဆိုသည်။

"KG ကျောင်းသား/သူတွေအတွက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနဲ့ အခြေခံပညာ ဦးစီးဌာနတို ပူးပေါင်းညှိနှိင်းပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထိုကြောင့် ကျောင်းတွင်း အာဟာရကျွေးမွေးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသို ခွင့်ပြုရန်ပုံငွေများ ခွဲဝေချထားပေးလျက်ရှိရာ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ရန်ပုံငွေကျပ် (၂ ဒသမ ၈၂) ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားပေးခဲ့ပြီး နောက်ပိုင်းတွင်လည်း ဆက်လက်တိုးမြှင့် ချထားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Articles

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ရုပ်သံဖိုင်ဟာ ခင်ဦးမြို့နယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသိရ
Local News

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ရုပ်သံဖိုင်ဟာ ခင်ဦးမြို့နယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသိရ

MNews
Aug 25, 2026·1m
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း တို တွေ့ဆုံဆွေးနွေး
Local News

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း တို တွေ့ဆုံဆွေးနွေး

MNews
Aug 11, 2026·1m
News unavailable
MNews
Local News

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ဌာနေကိုယ်စားလှယ်တို တွေ့ဆုံခဲ့မှုနှင့်စပ်လျဉ်း၍ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

MNews
Aug 9, 2026·4m

Most Read

  1. 1
    World & Politics

    အမေရိကန်-အီရန် ဟော်မုဇ်ရေလက်ကြားရေလမ်းကြောင်း အငြင်းပွားမှုကြောင့် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ ရပ်တန့်

    8 views

    အမေရိကန်-အီရန် ဟော်မုဇ်ရေလက်ကြားရေလမ်းကြောင်း အငြင်းပွားမှုကြောင့် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ ရပ်တန့်
  2. 2
    Local News

    မန္တလေးရှိ “မီလျံနာ” နှင့် “ပေါ်ဦး” ရွှေဆိုင် ဓားပြတိုက်မှုများ ကျူးလွန်ခဲ့သူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦး ဖမ်းဆီးရမိ

    7 views

    မန္တလေးရှိ “မီလျံနာ” နှင့် “ပေါ်ဦး” ရွှေဆိုင် ဓားပြတိုက်မှုများ ကျူးလွန်ခဲ့သူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦး ဖမ်းဆီးရမိ
  3. 3
    World & Politics

    ဇဲလင်စကီ - ပူတင် ဦးဆောင်မှုစွမ်းရည် ဆုံးရှုံးပြီဟုဆို၊ ယူကရိန်း၏ နည်းပညာစက်မှုလုပ်ငန်းက စစ်ပွဲပုံစံ ပြောင်းလဲစေ

    5 views

    ဇဲလင်စကီ - ပူတင် ဦးဆောင်မှုစွမ်းရည် ဆုံးရှုံးပြီဟုဆို၊ ယူကရိန်း၏ နည်းပညာစက်မှုလုပ်ငန်းက စစ်ပွဲပုံစံ ပြောင်းလဲစေ
  4. 4
    World & Politics

    ဇယလင်စကီ ဗြိတိန်ခရီးစဉ် - ဝန်ကြီးချုပ်သစ် ဘန်ဟမ်နှင့် ပထမဆုံးတွေ့ဆုံမှု၊ "Stone Cloak" နည်းပညာ ပေးအပ်

    4 views

    News unavailable
    MNews
  5. 5
    World & Politics

    ရုရှားတို့၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ကျီဗ်ရှိ အမေရိကန်ကုမ္ပဏီပိုင် ဒရုန်းစက်ရုံ ပျက်စီး

    4 views

    News unavailable
    MNews